သတင်းများ

သိန္နီမြို့နယ်တွင်စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jun 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် စားသုံးသူများ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စားသုံးသူများ၏ နစ်နာဆုံးရှုံးမှုအခွင့်အရေးဆိုင်ရာများ သိရှိနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ
မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်း‌ကျောင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်များ ပြသဆောင်ရွက်
Jun 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ သွားရောက်ဆောင်ရွက်ခဲ့သည်။
ကလိန်အောင်မြို့တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပုံတူဆွဲပြိုင်ပွဲနှင့်‌ ဆေးရောင်ခြယ်ပြိုင်ပွဲဆောင်ရွက်
Jun 15,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ပုံတူဆွဲပြိုင်ပွဲနှင့်‌ ဆေးရောင်ခြယ်ပြိုင်ပွဲကို ‌ယမန်နေ့ မွန်းလွဲ(၂)နာရီက ကျင်းပခဲ့သည်။
လူမှုရေးရာ၀န်ကြီး အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်
Jun 15,2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး ကော်မတီမှကြီးမှူး ဖွင့်လှစ်သည့် အခြေခံကွန်ပျူတာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ရာမည ကုန်သွယ်မှု ဗဟိုဌာနတွင် ကျင်းပရာ မွန်ပြည်နယ် လူမူရေးရာဝန်ကြီး ဦးမြတ်သွင် တက်ရောက်ခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Jun 15,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုးကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်းဇုံနယ်မြေအလိုက် ကျေးရွာ များအရောက်ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Phase-9 (ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့၌ (၁၅၀)မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ စီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ(နယ်ပယ်တိုင်းတာခြင်း အစီရင်ခံစာ)ပထမအကြိမ် အများပြည်သူနှင့် တွေ့ဆုံဆွေးနွေးခြင်းအခမ်းအနားပြုလုပ်
Jun 15,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးဌာန(EPGE)နှင့် CNTIC VPOWER KY3 LIMITED တို့မှ တာဝန်ယူဆောင်ရွက်မည့် (၁၅၀)မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓါတ်အား ပေးစက်ရုံ(ကျောက်ဖြူ)စီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ(နယ်ပယ်တိုင်းတာခြင်းအစီရင်ခံစာ)ပထမအကြိမ် အများပြည်သူနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်က ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်သည်။
ကျိုင်းတုံမြို့၌  ကြက်ခြေနီအကြောင်းသိကောင်းစရာများ အသိပညာပေး Talk Show  ဆွေးနွေး ပွဲပြုလုပ်
Jun 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌  ကြက်ခြေနီအကြောင်းသိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမှ