သတင်းများ

ကျိုင်းတုံ၌ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ‌ကျင်းပ ပြည်နယ် ဝန်ကြီးတက်ရောက်၍ အမှာစကားပြော
Jun 15,2022
တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် အသိပညာပေးဟောပြောပွဲနှင့်  ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်စစ်တမ်းကောက်ယူခြင်း အခမ်းအနားကို ကျိုင်းတုံမြို့၊
“မူဆယ်ခရိုင် Community Centre ခန်းမ၌ စာရေးဆရာဦးအောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်”
Jun 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများတိုးပွားလာစေရန်ရည်ရွယ်၍ စာရေးဆရာဦးအောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။
မူဆယ်မြို့ Community Centre ခန်းမအတွင်း နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲများ ပြုလုပ်
Jun 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမအတွင်း နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲတို့ကို  ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ပြုလုပ်ခဲ့သည်။
ကလေးဝမြို့တွင် ဖမ်းဆီးရမိ ပုံစံ(၈)ဝင်သစ်များ ဖမ်းဆီးအရေးယူမှုတွင် ပါဝင်ခဲ့သူများအား ဆုကြေးငွေများ ပေးအပ်
Jun 15,2022
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ဖမ်းဆီးရမိ ပုံစံ(၈)ဝင်သစ်များ ဖမ်းဆီးအရေးယူမှုတွင် ပါဝင်ခဲ့သူများအား ဆုကြေးငွေများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကလေးဝမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
လင်းခေးမြို့နယ်မြောက်ပိုင်း ကျေးရွာအုပ်စု(၃)အုပ်စုမှကြီးမှူး၍ သဗ္ဗေညုမင်္ဂလာစေတီထီးတော်တင်ပွဲအခမ်းအနား ကျင်းပ
Jun 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် မြောက်ပိုင်းကျေးရွာအုပ်စု(၃)အုပ်စုမှကြီးမှူး၍ သဗ္ဗေညုမင်္ဂလာစေတီ ထီးတော်တင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက (လင်းခေး-ဝမ်စစ်-ဟိုင်းကွေ့ ကျေးရွာချင်းဆက်လမ်း)ဟွေလိပ်တံတား အနီးရှိ စေတီတည်ရာနေရာ၌ကျင်းပခဲ့ကြောင်း သိရသည်။
လူငယ်နှင့်ပညာရေး အသိပညာပေးTalk Show ကျင်းပ
Jun 14,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ လူငယ်နှင့်ပညာရေးအသိပညာပေး Talk Show ကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
မြောင်းမြမြို့ သမဝါယမဦးစီးဌာနနှင့် လေ့ကျင့်ရေးအလယ်တန်းကျောင်းသို့ Mobile Library Bus ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Jun 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus)ဖြင့် ယနေ့ နံနက်ပိုင်းက မြောင်းမြမြို့ သမဝါယမဦးစီးဌာနနှင့် လေ့ကျင့်ရေး အလယ်တန်းကျောင်းသို့ သုတရသ စာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တစ်မိုးနှစ်သီးစိုက်ပုံစံ စံပြစိုက်ကွင်းအား ကွင်းဆင်းကြည့်ရှုအားပေး
Jun 14,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက ဒေးဒရဲမြို့နယ်၊ ဆင်ကူးကျေးရွာအုပ်စု၊ ဆင်ကူးကျေးရွာရှိ တောင်သူဦးဝင်းမြင့်အောင်၏ ကွင်းအမှတ် (၂၄၇)ရှိ တစ်မိုးနှစ်သီးစိုက် သီးနှံပုံစံ၏ ပထမသီးစိုက်ခင်း GW-11 စပါးမျိုး (၁၆၂)ဧက တကွင်းတစ်စပ်တည်း စိုက်ကွင်းသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။