မိုင်းပန် ဇွန် ၁၄
နိုင်ငံတော်မှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်အဖြစ် ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ယနေ့နံနက်ပိုင်းက သက်ကြီးဘိုးဘွားများအား သက်ဆိုင်ရာတာဝန်ရှိသူတို့မှ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမှုရေးပင်စင်အဖြစ် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင်နိုင်ငံတော်မှ တစ်လလျှင်တစ်သောင်းကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိပြီး ယခု၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လအတွက် ပေးအပ်ခြင်းဖြစ်ပြီး မိုင်းပန်မြို့နယ်တွင်အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၈၀)ဦးရှိရာ တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၄၀၀၀၀၀/)(ကျပ်နှစ်ဆယ့်လေးသိန်းတိတိ)ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို မိုင်းပန်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းငင်းလိန်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မိုင်းပန်(ပြန်/ဆက်)