မြင်းခြံခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

မြင်းခြံ ဇွန် ၁၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာရေးဆရာ မှိုင်း(ဆေး-၂)၏ "ကိုယ်တိုင်လျှောက်သောလမ်း (နှလုံးသား အာဟာရစာစုများ)" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးခင်မောင်အေး၊ မြင်းခြံခရိုင် ပြန်/ဆက်ရုံးမှ ဝန်ထမ်းများ၊ စာပေချစ်ပြည်သူများက စာရေးဆရာ မှိုင်း(ဆေး-၂) ၏ " ကိုယ်တိုင်လျှောက်သောလမ်း (နှလုံးသား အာဟာရစာစုများ)" စာအုပ်၏ ကျေးဇူးသဝဏ်၊ မိသားစုနေ့၊ အားနာသင့်မှ အားနာမယ်၊ မိသားစု ညစာထမင်းဝိုင်း စသည့်အကြောင်းအရာ အသီးသီးကို တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်း (Book Club) အဖွဲ့ဝင် ဦးခင်မောင်အေး၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့နှင့် ဝန်ထမ်းများက သိရှိနားလည်သည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)