ဒဂုံမြို့နယ်ရှိ ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jun 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီအချိန်မှ ၁၀:၄၅ နာရီအချိန်ထိ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ မော်ကွန်းတိုက်လမ်းရှိ အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်းတွင် အသက် (၅) နှစ်မှ (၁၂) နှစ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ( Sinopharm) ထိုးနှံခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ရာ ဒဂုံမြို့နယ်အတွင်းရှိ ကျောင်းသား ၅၂ ဦး၊ ကျောင်းသူ ၅၉ ဦး၊ စုစုပေါင်း ၁၁၁ ဦးတို့အား ထိုးနှံပေးခဲ့ကြပြီး ကာကွယ်ဆေး ၁ လုံးလျှင် ၅ ဦး နှုန်းဖြင့် ၁၁၁ ဦးအတွက် ဆေးအလုံးရေ ၂၂.၂ လုံးအား ထိုးနှံပေးခဲ့သည်။