သတင်းများ

မြောင်းမြမြို့ စကမြားကျေးရွာ၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၌ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေးများ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်က မြောင်းမြမြို့ စကမြားကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးဟောပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ်၊ ကနိကျေးရွာ အ.ထ.က ကျောင်း၌ "လူငယ်စကားဝိုင်း" ကျင်းပ
Feb 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီး ကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့်လူတော်၊​လူကောင်းများ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန် ထက်မြက် သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က ဖျာပုံမြို့နယ် ကနိကျေးရွာအုပ်စု၊ အထကကျောင်း၊ ကျော်ဇံဦးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကံမမြိုနယ်၌ (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ပိုစတာ၊ ကာတွန်း ပြိုင်ပွဲကျင်းပ
Feb 10,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ကြို့ပင်)၌ ယမန်နေ့နံနက်(၉)နာရီက (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ပိုစတာ၊ ကာတွန်းပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
သင်္ဃန်းကျွန်းမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ အသိပညာပေးလက်ကမ်းဖြန့်ဝေခြင်း၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲဆောင်ရွက်
Feb 10,2023
သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီက သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ် (၈) အခြေခံပညာမူလာတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊  နံရံကပ်စာစောင်၊နှင့်စာအုပ်ပြပွဲများသွားရောက် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Feb 10,2023
အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူလေးများအား သိသင့်သိထိုက်သည်များအား သိရှိနိုင်စေရေးနှင့် အထွေထွေဗဟုသုတများ သိမြင်တိုးပွားရရှိလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြုလုပ်ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ကျင်းပသည်။
စမ်းချောင်းမြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး  Talk Show ကျင်းပ
Feb 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်(၉)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်ထောင်စုနေ့  အသိပညာပေး Talk  Show ကို  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရပ်စောက်မူလတန်းကြိုကျောင်းတွင် ကလေးများနေ့အကြိုလှုပ်ရှားမှု ကဗျာ၊ သီချင်းရွတ်ဆိုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Feb 10,2023
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ရပ်စောက်မြို့နယ်၊ ရပ်စောက်မူလတန်းကြိုကျောင်းမှ ကလေးများနေ့အကြိုလှုပ်ရှားမှုအဖြစ် ကဗျာ၊ သီချင်းရွတ်ဆို ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ဈေးတန်းရပ်ကွက်ရှိ အဆိုပါမူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပန်းတောင်းမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်ရေးအတွတ် မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီ၊ တောင်သူများနှင့်မဏိကမ္ဘာကုမ္ပဏီတို့မှ လုပ်ငန်းစာချုပ်ချုပ်ဆိုပွဲနှင့်သွင်းအားစုများ ပေးအပ်ခြင်းအခမ်းအနားကျင်းပ
Feb 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်ရေးအတွက် မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီ၊ တောင်သူများနှင့်မဏိကမ္ဘာကုမ္ပဏီတို့မှ လုပ်ငန်းစာချုပ်ချုပ်ဆိုပွဲနှင့်သွင်းအားစုများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံက် ၁၀ နာရီ အချိန်ကစိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။