သတင်းများ

မြစ်ကြီးနားမြို့ Community Centre ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 12,2023
၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်း၌ ဆောင်ရွက်ခဲ့သည်။
(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသတို့၌ စည်ကားသိုက်မြိုက်စွာကျင်းပ
Feb 12,2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ယနေ့ကျရောက်သော (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း/ဒေသ အသီးသီးတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း)ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ
Feb 12,2023
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း) ဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ ညနေ ၃ နာရီက မြို့နယ်အားကစားရုံတွင် ကျင်းပပြုလုပ်သည်။
ပဲခူးမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သစ်သီးဝလံပန်းမန်ပြပွဲ/ပြိုင်ပွဲနှင့် (MSMEs)ဒေသ ထုတ်ကုန်ဈေးရောင်းပွဲတော် ကျင်းပ
Feb 12,2023
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပဲခူးမြို့၌၊ သစ်သီးဝလံပန်းမန်ပြပွဲ/ ပြိုင်ပွဲနှင့် (MSMEs) ဒေသထုတ်ကုန် ဈေးရောင်းပွဲတော်ကို ယမန်နေ့ညနေပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓော စေတီ အနောက်ဘက်မုခ် ယာဉ်ရပ်နားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
လားရှိုးမြို့၌ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ဆောင်ရွက်ပြီးစီးသော နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Feb 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ သစ္စာခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ဆောင်ရွက်ပြီးစီးသော နိုင်ငံရေးစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ကျိန္တလီမြို့ (Community Centre)ခန်းမတွင် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Feb 12,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ (Community Centre)ခန်းမတွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။   
မုဒုံမြို့နယ်၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း 3 On 3 ဘတ်စကတ်ဘော ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ
Feb 12,2023
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား အလွတ်တန်း 3 On 3 ဘတ်စကတ်​ဘောပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့ မွန်းလွဲပိုင်းက မုဒုံမြို့နယ်မိုးလုံ၊ လေလုံအားကစားရုံတွင် ကျင်းပပြုလုပ်ရာ ဖိတ်ကြားထားသောဌာနဆိုင်မှ တာဝန်ရှိသူများ တက်ရောက်သည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့ရှောင်လမ်း၊ ရတနာရှင်ဖြူတော် (၄) စီးနှင့်ရွှေဖားစည်လမ်းဆုံအဝိုင်းတို့ကိုဖွင့်လှစ်
Feb 12,2023
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ယခုအစိုးရလက်ထက်တွင် စတင်အကောင်အထည်ဖော်ခဲ့သော ဘားအံမြို့အဝင်သံလွင်တံတားလမ်းဆုံမှစ၍ ရဲသာကျေးရွာ၊ ကမော့ကစင်ကျေးရွာ၊ ကရင်ပြည်နယ်၏အထင်ကရ ဇွဲကပင်တောင်နှင့် ကြာအင်းတောင်ကြားတို့ကို ဖြတ်သန်း၍လှာကဒေါင်ကျေးရွာထိ ဖောက်လုပ်ထားသောဘားအံမြို့ ရှောင်လမ်းကတ္တရာလမ်းသစ်နှင့် ဘားအံမြို့အဝင် သံလွင်တံတားလမ်းဆုံတွင် ရတနာဆင်ဖြူတော် (၄)စီးပါဝင်သော ရွှေဖားစည်လမ်းဆုံအဝိုင်းဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်က ရွှေဖားစည် လမ်းဆုံအဝိုင်းနှင့် ဘားအံမြို့ရှောင်လမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။