မန္တလေးတိုင်းဒေသကြီး၊ မန္တလာသီရိအားကစားကွင်း၌ ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပ
Feb 12,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိအားကစားကွင်း၌ ယနေ့နံနက်ပိုင်းက ၂၀၂၃ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံတင်အခမ်းအနားအား နံနက်(၄:၂၀)တွင် စတင်ကျင်းပခဲ့ရာ အခမ်းအနားတွင် ဂုဏ်ပြုတပ်ဖွဲ့က မန္တလေးတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးအားအလေးပြုခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလံတင်အလေးပြုခြင်း၊ ကျဆုံးသွားသည့် တပ်ဖွဲ့၀င်များအား အလေးပြုခြင်းတို့ကို ကျင်းပပြုလုပ်ခဲ့သည်။