သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၁၀
သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီက သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ် (၈) အခြေခံပညာမူလာတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊နှင့်စာအုပ်ပြပွဲများသွားရောက် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ ဒုတိယဦစီးမှူး ဦးရဲမြင့်အောင်က မြန်မာနိုင်ငံ၏လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီးဖြစ်သည့် ပြည်ထောင်စု နေ့ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုနေ့သမိုင်းကြောင်းများကို ဟောပြောခဲ့ပြီး ပြည်ထောင်စုနေ့ကို အစဉ်အမြဲ သတိရစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေး ခဲ့သည်။
ဆက်လက်၍ ကျောင်းသား/ သူများ အသိပညာဗဟုသတပိုမိုရရှိစေရန်အတွက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသပေးခြင်းနှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာဖြင့် ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ ဆက်)