ကံမမြိုနယ်၌ (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ပိုစတာ၊ ကာတွန်း ပြိုင်ပွဲကျင်းပ

ကံမ ဖေဖော်ဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ကြို့ပင်)၌ ယမန်နေ့နံနက်(၉)နာရီက (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ပိုစတာ၊ ကာတွန်းပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် မူးယစ်ဆေးရန်တို့ တွန်းလှန်ကြိုးစားတိုက်ဖျက်နိုင်ငံအတွက်၊ မူးယစ်ကင်းစင်တို့ပြည်တစ်ခွင် သာယာလှပလူ့ဘဝ၊ ငါတို့ရဲ့အနာဂတ်သာယာလှပဖို့ မူးယစ်ကင်းစင်ကမ္ဘာဖန်တီးစို့၊ မျိုးဆက်သစ်များတိုးတက်ဖို့ မူးယစ်ဆေးမှန်သမျှတိုက်ထုတ်စို့၊ လုံခြုစိတ်ချပြည်သူ့ဘဝမူးယစ်မှန်သမျှတိုက်ဖျက်ကြ၊ မိသားစုနွေးထွေးမှုဖြင့် မိမိတို့၏ရင်သွေးများအား မူးယစ်ဆေးဝါးအန္တရာယ်မှ ကာကွယ်ကြပါစို့၊ လူသားချင်းစာနာကျန်းမာဖို့ စိန်ခေါ်မူးယစ်တိုက်ဖျက်စို့ စသည့်ခေါင်းစဉ်များအနက် မိမိကြိုက်နှစ်သက်သည့်ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အထက်တန်းဆင့် ကျောင်းသားကျောင်းသူ (၇)ဦး၊ အလယ်တန်းဆင့်တွင် (၈)ဦး မူလတန်းဆင့်တွင်(၅)ဦးစုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)