သတင်းများ

ဆင်ပေါင်ဝဲမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ဆောင်ရွက်
Feb 10,2023
ကျောင်းသား၊ ကျောင်းသူများ တစ်ကိုယ်ရည်သန့်ရှင်းပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဌာနက ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေကျင်မြို့နယ်တွင် မြန်မာကလေးများနေ့အကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ
Feb 10,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြန်မာကလေးများနေ့အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဖောင်းပြင်မြို့နယ်၌ ကျေးလက်လမ်းများ ကောင်းမွန်ရေးအတွက် ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်
Feb 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ကျေးလက်ဒေသရှိ လမ်းများကောင်းမွန်စေရေးအတွက် ၂၀၂၂- ၂၀၂၃ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေကျပ် ၁၄၂ သန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းနှင့် ၁၇ ဒသမ ၆ သန်းဖြင့် Box- Culvert နှစ်စင်းတည်ဆောက်ခြင်း လုပ်ငန်းများကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ဆောင်ရွက်လျက်ရှိ သည်။
ရေနံချောင်းတက္ကသိုလ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီ ပြိုင်ပွဲများကျင်းပ
Feb 10,2023
အဆင့်မြင့်ပညာဦးစီးဌာန ရေနံချောင်းတက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုနေ့၏ အနှစ်သာရကို သိရှိစေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ပင်မအဆောင်အပေါ်ထပ်တွင် ကျင်းပသည်။
ဗန်းမောက်မြို့၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်
Feb 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ မြို့နယ်အတွင်းရှိ စာပေချစ်သူများနှင့် လူငယ်လူရွယ်များ စာပေဖတ်ရှုတတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်နှင့် ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်း များ ရရှိလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မုဒုံမြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်
Feb 10,2023
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွေ့ဝမ်းကျေးရွာမူလတန်းလွန်ကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ခွေးရူးရောဂါအကြောင်း သိကောင်းစရာအသိပညာပေး ဟောပြောပွဲကိုပြုလုပ်ရာ ကျေးရွာသူ၊ ကျေးရွာသားများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦးခန့် တက်ရောက်ခဲ့သည်။
သီပေါမြို့နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်းများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်သရုပ်ပြ၊ လက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက်
Feb 10,2023
မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးအောင်ကြည်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မင်းမြတ်စံကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ဒေါ်နန်းဌေးဌေးဦး ကိုယ်ပိုင်အထက်တန်းကျောင်းများသို့ သွားရောက်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးငြိမ်းသတ်သရုပ်ပြခြင်း၊ လက်တွေ့လေ့ကျင့်ပေးခြင်းတို့ကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းများ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်
Feb 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ မြို့နယ်အတွင်းရှိ စာပေချစ်သူများနှင့် လူငယ်လူရွယ်များ စာပေဖတ်ရှုတတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်နှင့် ဆွေးနွေး ပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။