သတင်းများ

ကူမဲမြို့ သံချပ်ကာယန္တရားသင်တန်းကျောင်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြပွဲ ပြသ
Feb 10,2023
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ်၊ ကူမဲမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်လျော့နည်းစေရေး၊   မီးသတ်ဆေးဘူးများ အသုံးပြုတတ်စေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက်(၉)နာရီခွဲက သံချပ်ကာယန္တရား သင်တန်းကျောင်း၌  လက်တွေ့ပြသဆောင်ရွက်ခဲ့သည်။
ရေတာရှည်မြို့နယ်တွင် လူငယ်အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်
Feb 10,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်အသိပညာပေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အမှတ်(၁) ရပ်ကွက်နှင့် အမှတ် (၄) ရပ်ကွက်တို့ရှိ အခြေခံပညာ အလယ်တန်းကျောင်းများ၌ လူငယ်အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Feb 10,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်း က ကတုတ်ဘုရားကြီးကျေးရွာအုပ်စု၊ လက်ခုပ်ကွင်းကျေးရွာ အ.လ.က(ခွဲ)၌ ကျင်းပပြုလုပ်သည်။
ရန်ကင်းမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြော
Feb 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်​ရေး အသိပညာပေးဟောပြောပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် ၁၀နာရီခွဲက ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ရွှေဘိုတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ ပိုက်​ကျော်ခြင်းပြိုင်ပွဲ ဆု​ချီးမြှင့်ပွဲ ကျင်းပ
Feb 10,2023
ရွှေဘိုတက္ကသိုလ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပိုက်​ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ည​နေ ၄နာရီ အချိန်က အဆိုပါတက္ကသိုလ်ရှိ ​အားကစားရုံတွင် ကျင်းပရာ၊ ​ရွှေဘိုတက္ကသိုလ် ပါ​မောက္ခချုပ်နှင့် ဒုတိပါ​မောက္ခချုပ်၊ ပါ​မောက္ခဌာနမှူးများ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြား​ရေးမှူး​ ဒေါ်နိုင်နိုင်ဝင်းနှင့်​ ကျောင်းသား​၊ ကျောင်းသူများ တက်​ရောက်ခဲ့ကြောင်း သိရသည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောခြင်း၊ နံရံကပ်စာစောင်များပြသခြင်းနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 10,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၁၄၀) အ.မ.က(မူလွန်) လက်ပဲခါးလှကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြည်ထောင်စုနေ့ဖြစ်ပါ်လာပုံ သမိုင်းအကြောင်းအရာများကို သိရှိ‌စေရန်ဟောပြောပေးခဲ့ပြီး၊ ပြည်‌ထောင်စုနေ့နှင့်ပတ်သက်သည့် နံရံကပ်စာစောင်ပါအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာခြင်းဖြင့် ပြည်ထောင်စုကြီးကို ကာကွယ်ကာလေးစားမြတ်နိုးခြင်း၊
အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊အဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်
Feb 10,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊အဘွားများအား ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ
Feb 10,2023
(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြတ်လာစေရန်ရည်ရွယ်၍ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ၌ကျင်းပခဲ့ကြောင်း သိရသည်။