ရပ်စောက်မူလတန်းကြိုကျောင်းတွင် ကလေးများနေ့အကြိုလှုပ်ရှားမှု ကဗျာ၊ သီချင်းရွတ်ဆိုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ရပ်စောက် ဖေဖော်ဝါရီ ၁၀

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ရပ်စောက်မြို့နယ်၊ ရပ်စောက်မူလတန်းကြိုကျောင်းမှ ကလေးများနေ့အကြိုလှုပ်ရှားမှုအဖြစ် ကဗျာ၊ သီချင်းရွတ်ဆို ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ဈေးတန်းရပ်ကွက်ရှိ အဆိုပါမူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရပ်စောက်မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြွယ်ကြွယ်သိန်းက ရည်ရွယ်ချက်ဖြင့် ဖေဖော်ဝါရီ(၁၂)ရက်နေ့ ကလေးများနေ့နှင့် ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့အား ကလေးများသိရှိစေရန် ရည်ရွယ်၍ ယခုလိုလှုပ်ရှားမှုများအားဆောင်ရွက်ရခြင်းဖြစ်ကြောင်းပြောသည်။ ထို့နောက် အကြီးတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် အငယ်တန်းအဆင့် သီချင်းရွတ်ဆိုပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မူလတန်းကျောင်းမှ မူကြိုသားငယ်သမီးငယ်လေးများက ပြည်ထောင်စုပွဲ၊ လက်တွဲညီညာနေ၊ ဗိုလ်ချုပ်အောင်ဆန်းစသည့်ကဗျာများကို ရွတ်ဆိုယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ပြိုင်ပွဲတွင် ဆုရရှိသည့်သားငယ်သမီးငယ်လေးများအား ကျောင်းအုပ်ဆရာမကြီးနှင့် ဒိုင်အဖွဲ့များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)