မြောင်းမြ ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၌ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေးများ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်က မြောင်းမြမြို့ စကမြားကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးဟောပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြောင်းမြမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးလှဟန်က စကမြားကျေးရွာ အတွင်းရှိ ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန် လိုက်နာဆောင်ရွက်သင့်သည်များကို အသိပညာပေး ဟောပြောခဲ့ပြီး ဝန်ထမ်းများက လျှပ်စစ်အန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ ကျေးရွာမီးလင်းရေး ကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျေးရွာနေပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်