စမ်းချောင်း ဖေဖော်ဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်(၉)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်ထောင်စုနေ့ အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်ထောင်စုနေ့ အသိပညာပေး Talk Show တွင် ပြည်သူများဗဟုသုတရရှိစေရန်အတွက် ပြည်ထောင်စုနေ့ စတင်ဖြစ်ပေါ်လာပုံအကြောင်းနှင့် သမိုင်းကြောင်းများကို အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နီလာစိုးတို့က အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုနေ့ အသိပညာပေး Talk Show ကို Online facebook page မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နီလာစိုး (ပြန်/ ဆက်)