တံတားဦးမြို့နယ်တွင် ဆောင်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ စီးပွားဖြစ်စိုက်ပျိုးသူများ အပိုဝင်ငွေရရှိ
Feb 14,2023
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် အများပြည်သူများ နေ့စဉ်စားသုံးသည့် သီးနှံများအနက် ဆောင်းရာသီ၌ စိုက်ပျိုးသော သီးနှံပင်များဖြစ်သည့် အိမ်ရှင်မများ ချက်ပြုတ်ကြသော မုန်ညင်းပင် ၊ ငရုတ် ၊ ဂေါ်ဖီထုပ် ၊ ပန်းမုန်လာ ၊ ခရမ်းသီးပင်နှင့် ကန်စွန်းရွက် ပင်များကို တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေးရွာရှိ တောင်သူများက စီးပွားဖြစ် စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်း၍ အထွက်ကောင်းပြီး ဈေးကောင်းရရှိသဖြင့် မိသားစု အပိုဝင်များ ရရှိကြောင်း သိရသည် ။