စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) ၌ သတ္တမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲကျင်းပ
Feb 10,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ (ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ စိုက်ပျိုးရေးသိပ္ပံ၏ သတ္တမကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းသည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီကကျင်းပခဲ့ရာ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံ ဌာနခွဲ (နေပြည်တော်) ရုံးချုပ်မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာလေးလေးခိုင်နှင့် ညွှန်ကြားရေးမှူးများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးထွဋ်နှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘ/ဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။