မော်လမြိုင်ခရိုင်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show)ဆွေးနွေးပွဲကျင်းပ

မော်လမြိုင်  ဖေဖော်ဝါရီ ၁၄

မော်လမြိုင်ခရိုင်၌ ပြည်သူများအနေဖြင့် စားသောက်‌နေထိုင်နိုင်ရေးအတွက် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိဒေါ်ခင်စန်းမြင့်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူးဒေါ်ခင်ကြည်တို့က စားသုံးသူ‌ရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းသည့်ခုနှစ်၊ စာသုံးသူအခွင့်အရေး (၈)ချက်အကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားစာနှင့်ဖြေရှင်းဆောင်ရွက်မှုအခြေအနေများစသည့် ဗဟုသုတရဖွယ်များကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

စည်သူခရိုင်ပြန်/ဆက်