မိုင်းရယ် ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၌ ဇန်နဝါရီလကမြို့နယ် (Working Group) မြေပြင်ကွင်းဆင်းလူဦးရေစာရင်းကောက်ယူဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအတွက် အသုံးစရိတ်များပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က လူဦးရေးစာရင်း အချိန်မှီပြီးစီးအောင်ကောက်ယူခဲ့သည့် ဝန်ထမ်းများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြေပြင်ကွင်းဆင်းရေးအဖွဲ့များအား ကျေးဇူးတင်ရှိပါကြောင်း၊ ထိုသို့လူဦးရေစာရင်းများ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ခြင်းအတွက် ကုန်ကျခဲ့သည့်အသုံးစရိတ်များကို နိုင်ငံတော်မှ ပြန်လည်ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ် (Working Group)မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး လဝကဦးစီးအရာရှိ ဦးစိုးနိုင်က မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ ဆောင်ရွက်ခဲ့သည့်အခြေအနေများနှင့် ကောက်ယူပြီးစီးခဲ့သည့် လူဦးရေစာရင်းများကို ဆောဖ်ဝဲလ်သို့ ပြန်လည်ထည့်သွင်းဆောင်ရွက်နေသည့် အခြေအနေများကို ဆွေးနွေးသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ (Working Group)မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ အတွင်းရေးမှူးလဝက ဦးစီးအရာရှိ ဦးစိုးနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အသုံးစရိတ်ငွေများကို သက်ဆိုင်ရာရပ်/ကျေးစာရေးနှင့် အုပ်ချုပ်ရေးမှူးများအား အသီးသီးပေးအပ်ခဲ့သည်။
မိုင်းရယ်(ပြန်/ဆက်)