ကံမမြို့နယ် အခြေခံပညာကျောင်းများ၌ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းတွင်းစစ် စာမေးပွဲ စတင်ဖြေဆို

ကံမ ဖေဖေါ်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အခြေခံပညာကျောင်းများ၌ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အတန်းအလိုက် ကျောင်းတွင်းစစ်စာမေးပွဲကို  ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။

ကံမမြို့နယ်အတွင်း အခြေခံပညာကျောင်း စုစုပေါင်း(၁၂၉)ကျောင်းရှိပြီး မူလတန်းကျောင်း (၉၅)ကျောင်း၊ မူလတန်းကျောင်းခွဲ (၂)ကျောင်း၊ မူလတန်းလွန်ကျောင်း (၈)ကျောင်း၊ အလယ်တန်းကျောင်း (၆)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၈)ကျောင်း၊ အထက်တန်းကျောင်း(၆)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၃)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၁)ကျောင်းတို့၌ ကျောင်းသား(၄၁၂၁)ဦး၊ ကျောင်းသူ (၄၃၂၅)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၈၄၄၆)ဦးတို့ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း၊ Grade-5 နှင့် Grade-9 အတန်းများမှာ ‌ဖေဖော်ဝါရီ (၂၂)ရက်နေ့တွင် စတင်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)