လပွတ္တာ ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် မြက်ချဉ်ဖတ် ပြုလုပ်ခြင်းသင်တန်းကို ယနေ့နံနက် ၁၀နာရီအချိန်က အဆိုပါမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ရုံးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ လပွတ္တာခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာစိုးဦးက မြက်ချဉ်ဖတ်ပြုလုပ်ခြင်းဆိုသည်မှာ နွေရာသီကျွဲနွားအစားအစာ ရှားပါးချိန်တွင် အာဟာရကြွယ်ဝသော အစားအစာအဖြစ် ကျွေးမွေးရန်ပိုလျှံသောစိုက်ပျိုးသီးနှံများကို စနစ်တကျ ထိန်းသိမ်းသိုလှောင်သော နည်းစနစ်ဖြစ်ပြီး သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များနှင့် ကျွဲနွားအစာကို လေမဲ့လေကင်းစင်သောနေရာတွင် ကစော်ပေါက်အောင်စနစ်တကျ စီမံသိုလှောင်ထားခြင်းဖြင့်ရရှိလာသော ကျွဲနွားအစာဖြစ်ကြောင်း မြက်ချဉ်ဖတ်ပြုလုပ်ပုံအဆင့်ဆင့်နှင့် မြက်ချဉ်ဖတ်ကျွေးမွေးခြင်းဖြင့် ကျွဲနွားများတွင်ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပို့ချခဲ့ပါသည်။
ထို့နောက် မြက်ချဉ်ပြုလုပ်ပုံကို လက်တွေ့ပြသခဲ့ပြီး လပွတ္တာခရိုင်နှင့် ခရိုင်အတွင်းမြို့နယ်များမှ ဌာနတွင်းဝန်ထမ်း(၁၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)