အင်္ဂပူမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူ

အင်္ဂပူ ဖေဖော်ဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း ရှိပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့် မီး‌လောင်မှုလျော့နည်းပပျောက်စေရန်ရည်ရွယ်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးမြေစိုက်ပိုစတာကို ယမန်နေ့ ညနေပိုင်းက လူစည်ကားသော နေရာတွင်စိုက်ထူခဲ့သည်။

ထိုသို့အသိပညာပေး ပိုစတာစိုက်ထူခြင်းကို  မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်‌မောင်ထွေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ပုဒ်များနှင့် မီးသတ်တပ်ဖွဲ့ဖုန်းနံပါတ်များပါ အသိပညာပေးမြေစိုက်ပိုစတာ စိုက်ထူကြကြောင်းနှင့် ပွင့်လင်းခြောက်သွေ့သော နွေရာသီသို့ရောက်ရှိလာပြီးဖြစ်သဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှုလျော့နည်းပပျောက်စေရန် မီးဘေးလုံခြုံရေးအတွက်လမ်းများ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေအိတ်၊ သဲအိတ်ထားရှိလိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ မြို့နယ်အတွင်းနေ့စဉ် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

မန်းကျော် (ပြန်/ဆက်)