သတင်းများ

ဒေးဒရဲမြို့၌ ဆီထွက်သီးနှံနေကြာစိုက်ပျိုးလျက်ရှိသော တောင်သူများအား ရွက်ဖျန်းအားဆေးများ ထောက်ပံ့ပေးအပ်
Feb 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ပြည်သူများ ဒေသတွင်း ဆီစားသုံးမှု ဖူလုံစေရေး ရည်ရွယ်၍ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးလျက်ရှိသော တောင်သူများအား ရွက်ဖျန်းအားဆေးများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းကစတင်၍ တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Feb 03,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး  Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းဆောင်ရွက်
Feb 03,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျိန္တလီမြို့ အ-ထ-က ကျောင်းနှင့် စည်ပင်ရုံးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။
ကျိုက်ထိုမြို့နယ် အခြေခံပညာမူလတန်း (သိမ်ငူ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့် ပြပွဲများဆောင်ရွက်
Feb 03,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်‌ရေး ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့်နံရံကပ် စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ကျေးရွာ အခြေခံပညာ မူလတန်း(သိမ်ငူ) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
စစ်တွေမြို့၊ မျိုးသန့်ခြံ၌ ဆောင်းသီးနှံမျိုးစေ့ထုတ်စိုက်ခင်းများအား တောင်သူများလာရောက်လေ့လာ
Feb 03,2023
ရခိုင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ထားသည့် စစ်တွေမြို့၊ မျိုးသန့်ခြံ၌ ဆောင်းသီးနှံမျိုးစေ့ထုတ် စိုက်ခင်းများ၊ သီးနှံအထွက်နှုန်းတိုးတက်ရေးစံပြကွက်များ၊ အီးအမ်ဘိုကာရှီ ပြုလုပ်ထားရှိမှုများအား ယမန်နေ့ ညနေပိုင်းကမြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တို့မှ တောင်သူ လာရောက်လေ့လာခဲ့ကြကြောင်းသိရသည်။
သာယာဝတီမြို့တွင် Grade -5 အင်္ဂလိပ်စာမေးခွန်းပုံစံပြောင်း စာမေးပွဲဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်
Feb 03,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ အခြေခံပညာကျောင်းများ၏ Grade-5 အင်္ဂလိပ်စာမေးခွန်း ပုံစံပြောင်းစာမေးပွဲဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၉ နာရီက အ.ထ.က(၁) သာယာဝတီ (ပညာ့အားမာန်) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို တက္ကသိုလ်၊ ဒီဂရီကောလိပ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကျင်းပ
Feb 03,2023
မိတ္ထီလာ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို တက္ကသိုလ်၊ ဒီဂရီကောလိပ်အဆင့် ဆောင်းပါးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ဆက်လက်ကျင်းပကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကျင်းပ
Feb 03,2023
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန community centre ပံသုကျီခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုစာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကျင်းပခြင်းကို ယနေ့နံနက်၁၀နာရီက ကျင်းပခဲ့သည်။