ခရမ်း ဖေဖော်ဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အာဟာရနှင့်ကျန်းမာရေးအတွက် စားသုံးဆီစားသုံးမှုအကြောင်းအသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ(၂)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်နှင်းဝေက ပြည်သူများအတွက် ကျန်းမာရေးနှင့်ပတ်သက်၍ အာဟာရနှင့်ကျန်းမာရေးအကြောင်း၊ စားသုံးဆီနှင့်ပတ်သက်၍ ပြည်သူအများသိရှိလိုက်နာသင့်သည့် အချက်အလက်များ၊ ပြည့်ဝဆီများကိုအလွန်အကျွံသုံးစွဲပါက ကြုံတွေ့ရမည့် ဘေးအန္တရာယ်ဆိုးကျိုးများ၊ ရောဂါလက္ခဏာများကို ကြိုတင်သိရှိပြီး ကာကွယ်နိုင်ရေးအတွက်အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းသိရသည်။
ကိုမင်း ( ခရမ်း )