ဒလ ဖေဖော်ဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် တရားဥပေဒစိုးမိုးရေး၊ နယ်မြေအေးချမ်း သာယာရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ကာကွယ်ရေးစစ်ကြောင်းဟူ၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပညာရေးစစ်ကြောင်းအနေဖြင့် ယနေ့နံနက်ပိုင်းအချိန်မှစ၍ အခြေခံပညာမူလတန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း(Booster Dose)ထိုးနှံပေးခြင်းကို ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုကို ပညာရေးစစ်ကြောင်းအဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူးဒေါ်မြင့်မြင့်အေးခေါင်းဆောင်၍ တာကြီးရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာ အလယ်တန်းကျောင်းနှင့် ဆာပါချောင်၊ ကျောင်းစုရပ်ကွက်ရှိ အမှတ်(၁၁)အခြေခံပညာမူလတန်း ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(၂)ကြိမ်ထိုးနှံပြီး (၆)လပြည့်သည့် ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်း (Booster Dose)ထိုးပေးခြင်းကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ပညာရေးစစ်ကြောင်းကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးရွှေလှိုင်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်ဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက အားပေးကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြင့်ဇော်(ပြန်/ဆက်)