မိုင်းငေါ့ ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ (Community Center)ခန်းမတွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာအုပ်၊ စာစောင်ပြပွဲကို ယနေ့မွန်းလွဲ (၁))နာရီအချိန်က ကျင်းပခဲ့သည်။
စာအုပ်စာစောင်ပြပွဲတွင် စာကြည့်တိုက်မှူး ဒေါ်မို့မို့က ပြည်ထောင်စု၏ အနှစ်သာရ၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို သိရှိနားလည်စေရန်၊ နေ့ထူးနေ့မြတ်များကို အမှတ်ရစေရန်နှင့် စာပေကို ချစ်မြတ်နိုး တန်ဖိုးထားတတ်စေရန်၊ စာအုပ်စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန်အတွက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ်အကြို စာအုပ်စာစောင်ပြပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသစာအုပ်များဖြင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပရာ အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့၊ ပြန်/ဆက်)