တွံတေး ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ဘုရားငုတ္တို(တောင်)ကျေးရွာရှိ ဒေသခံတောင်သူအများစုသည် စိုက်ပျိူးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး ယခုနှစ် ဆောင်းရာသီ၌ ဒေသတွင်း စားသုံးဆီဖူလုံရန်နှင့် ပိုလျံစွာ ဆီစားသုံးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းနေကြာ မျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးရေး နည်းပညာ ပံ့ပိုးကူညီမှုများဖြင့် နေကြာစိုက်ခင်းများ စီးပွားဖြစ်စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း နေကြာစိုက်တောင်သူ ဦးဝင်းမြင့်ထံမှ သိရသည်။
ယခုလို နေကြာစိုက်ခင်းများ အောင်မြင်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ စနစ်တကျ စိုက်ပျိုးရေး နည်းပညာများ ကူညီပံ့ပိုးပေးပြီး သွင်းအားစုအနေဖြင့် ထယ်ရေးနှစ်လွှာထွန်ယက်ပြီး နိုဝင်ဘာ၂၆ရက်နေ့တွင် တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချကာ ရေမပြတ်လပ်စေရေး ရေသွယ်မြောင်းများ၌ ရေသွင်းခြင်းရေဖြန်းကိရိယာဖြင့်ရေဖြန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး တစ်ဧကတွင် နွားချေး၊ မြေဆွေး၊ ယူးရီးယား၊ တီစူပါနှင့် ပိုတက်ရှ်တို့ကိုအချိုးမျှတစွာ ထည့်သွင်းစိုက်ပျိုးပြီး စိုက်ပျိုးရာတွင်လည်း ဒေသနှင့်ကိုက်ညီမည့် ဖြစ်ထွန်းသည့် အပင်ပေါက်နှုန်း ၈၀ ရာခိုင်နှုန်းရှိသော နေကြာမျိုးစေ့ကို မြေအစိုဓာတ် လုံလောက်ချိန်တွင် အနက်တစ်လက်မခွဲမှ နှစ်လက်မအတွင်း စိုက်ပျိုးပြီး သတ်မှတ်အပင်အရေ တွက်ညီစေရန် တန်းကြား ၂ပေ၊ အပင်ကြား ၉လက်မ ဖြင့် မျိုးစေ့ နှစ်စေ့နှုန်းဖြင့် စနစ်တကျ စိုက်ပျိုးခဲ့သဖြင့် ယခုကဲ့သို့ အပင်များမြင့်ထွားကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသဖြင့် မိမိတို့ဒေသအတွက် နေကြာဆီများ ပိုလျံစွာ စားသုံးနိုင်မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် တိုလယ်တောတွင် စားသုံးသည့် ပြည်သူလူထုအား မြို့ပြမွန်းကြပ်မှုကို ဖြေလျှော့သည်အနေဖြင့် နှစ်စဉ်မိုးစပါးရိတ်သိမ်းအပြီး နွေစပါးတစ်မျှော်တစ်ခေါ်စိုက်ပျိုးခြင်းကို နှစ်စဉ်စိုက်ပျိုးခဲ့သော်လည်း ယခုနှစ်မှ ဆီထွတ်သီးနှံနေကြာကို ကိုယ့်အသိနဲ့ကိုယ်စိုက်ပျိုးခဲ့ပါတယ်။ စစိုက်ခါစက အောင်မြင့်ပါ့မလားလို့စိုးရိမ်ခဲ့ရပါတယ်။ အောင်မြင်အောင်စိုက်ပျိုးမယ်လို စိတ်ကူးထားတဲ့အတွက် အခုတကယ်အောင်မြင်တာတွေ့ရတော့ အတိုင်းမသိဝမ်းသာပါတယ်။ လာမဲ့နှစ်မှာ ပြည်သူတွေ စားသုံးရင်းစိတ်အပန်းဖြေနိုင်ဖို့ နွေစပါး၊ နေကြာဖရဲ၊ ပြောင်း စသောစိုက်ခင်းတွေစိုက်ဖို့ စိတ်ကူးရှိပါတယ်။
ကျွန်တော် "တိုလယ်တော" စားသောက်ဆိုင်နဲ့တွဲပြီး အခုနေကြာ(၁၈)ဧက စိုက်ထားပါတယ်။ တွံတေးမြို့နယ်မှာ ဆောင်းနေကြာစိုက်ဧက (၇၅၀)ရှိတယ်လို့သိရပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလယ်သမား တစ်ဦးပါ၊သမာရိုးကျလယ်စိုက်ပျိုးနေတဲ့တောင်သူတွေ ကျွန်တော်လို လယ်ယာလုပ်ငန်းအပြင် အခြားသီးနှံတွေစိုက်လိုရတယ်ဆိုတာပြခြင်တာပါ။ စားသုံးသူတွေက "တိုလယ်တော"မှာ စိုက်ပျိုးထားတဲ့ တမျှော်တခေါ် နေကြာခင်းကြည့်ဖို့လာကြတာပါ၊ နေကြာခင်းကြည့်ပြီးပျော်ရွှင်တာတွေ့ရတော့ ပီတိဖြစ်ရပါတယ်" လို့နေကြာစိုက်ပျိုးထားသောတောင်သူ ဦးဝင်းမြင့်၏ ပီတိစကားသံကိုကြားသိခဲ့ရသည်။
တွံတေးသား (ပြန်/ ဆက်)