သတင်းများ

ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေး Mask Campaign ဆောင်ရွက်
Jul 28,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်ဆွေ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် (၈:၀၀)နာရီက ရန်ကုန်-မန္တလေးလမ်းဟောင်း သူဌေးကုန်းကျေးရွာ လမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့လူထုအခြေပြုဗဟိုဌာန၌ မြေပြိုဘေး အသိပညာပေး Talk Show ပြုလုပ်
Jul 28,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မြေပြိုဘေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 28,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီကကျင်းပပြုလုပ်ခဲ့သည်။
တောင်သာမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ   ယူရီးယား ဓာတ်မြေဩဇာအား မိုးစပါးစိုက်တောင်သူများအား ဖြန့်ဖြူးရောင်းချ
Jul 28,2022
တောင်သာမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ယူရီးယားဓာတ်မြေဩဇာအား မိုးစပါးစိုက်ကျေးရွာ(၅)ရွာမှ တောင်သူများအား ယမန်နေ့က ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။                 
ဟင်္သာတတက္ကသိုလ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း သိကောင်းစရာ ဟောပြောပွဲကျင်းပပြုလုပ်
Jul 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ဟင်္သာတတက္ကသိုလ်ကျောင်းတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်း သိကောင်းစရာ ဟောပြောပွဲအခမ်းအနားကို ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်းဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်၌ မြို့နယ်သမဝါယမအသင်းစုလီမိတက် အမှုဆောင်ဒါရိုက်တာသစ် ရွေးချယ်တင်မြှောက်ကျင်းပ
Jul 28,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် သမဝါယမအသင်းစုလီမိတက် အမှုဆောင် ဒါရိုက်တာ အသစ်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယမန်နေ့  နံနက်(၁၀)နာရီ က  မြို့နယ်သမဝါယမဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။
မုဒုံမြို့၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ကို ကျေးရွာလေးရွာတွင် ချေးငွေစုစုပေါင်း ၁၂၇ ဒသမ ၁ ကျပ်သန်းအား ထုတ်ချေး
Jul 28,2022
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများ ကုစားပေးနိုင်ရန်အတွက် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉  Economic  Relife  Plan (CERP)အရ  ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)ကို ကျေးရွာလေးရွာ၌ ယမန်နေ့က စီမံကိန်းရန်ပုံငွေများကို တတိယအကြိမ် ထုတ်ချေးပေးခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အတူ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 28,2022
မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့ပေါ်ရပ်ကွက်များတွင် ပြည်သူများအား တစ်အိမ်တက်ဆင်း ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။