သတင်းများ

ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး
Feb 06,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာသို့ သွားရောက်ငှားရမ်း ပေးကြသည်။
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆောင်းပါး၊ ပန်းချီ၊ စာစီစာကုံး၊ ကဗျာ ပြိုင်ပွဲကျင်းပ
Feb 06,2023
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆောင်းပါး၊ ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို အဆိုပါတက္ကသိုလ်ရှိ စာသင်ဆောင်(၂)တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 06,2023
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
လယ်ဝေးမြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သင်တန်းဖွင့်လှစ်
Feb 06,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် ကျောင်းသား/သူများ ကိုယ်ကျန်းမာမှု၊ စိတ်ကျန်းမာမှု၊ လူမှုကျန်းမာမှုတို့ နှင့်ပြည်စုံသော အခြေအနေသို့ ရောက်ရှိလာစေရေးအတွက် ကျောင်းသား၊ ကျောင်းသူဘဝမှစတင်ကာ အသိပညာ၊ သဘောထားနှင့် အလေ့အကျင့်တို့ကို သိပ္ပံနည်းကျ မူမှန်သွားအောင် ပြောင်းလဲပေးနိုင်ရန် ရည်ရွယ်၍
တန့်ယန်းမြို့နယ်တွင် ကျောင်းသားလူငယ်များ ဘက်စုံပညာဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ
Feb 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ ဘက်စုံပညာဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန်အတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ကျင်းပပေးလျှက်ရှိရာ ယနေ့ နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 06,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်ထောင်စုနေ့အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်၈နာရီခွဲက မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖျာပုံမြို့တွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၄)မြို့နယ် ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲ ကျင်းပ
Feb 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား (၄) မြို့နယ် ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲကို ယမန်နေ့နေ့လယ် (၁) နာရီအချိန်က ဖျာပုံမြို့ အ.ထ.က(၁) အောင်မြေခန်းမ၌ ကျင်းပပြုလုပ်သည်။
ပြည်မြို့၌ လက်ထောက်မူလတန်းပြ ရက်တိုမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Feb 06,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၌ အသစ်ခန့်အပ်မည့်လက်ထောက်မူလတန်းပြများအတွက် ရက်တိုမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။