ဘုတ်ပြင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲဆောင်ရွက်

ဘုတ်ပြင်း ဖေဖော်ဝါရီ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ဘုတ်ပြင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းမတွင် ကျင်းပသည်။

ဟောပြောပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သန်းဆင့်က ကလေးသူငယ်အခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် ထိရောက်သော ကာကွယ်စောင့်ရှောက်မှုများပြုလုပ်နိုင်စေရန်၊ ကလေးသူငယ်များအားလုံး တည်ဆဲဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာအခွင့်အရေးနှင့်အကာအကွယ်တို့ကို တန်းတူညီမျှမှုရှိစေပြီး ခွဲခြားဆက်ဆံခြင်းမပြုစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက ဟောပြောပွဲသို့တက်ရောက်လာသူများကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ စာစောင်များအား အသိပညာပေးဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)