ကော့မှူး ဖေဖော်ဝါရီ ၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကို ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေနံနက်ကကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က အသိပညာပေး Talk Show များ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ် ဦးစီးမှူး ဦးအောင် ကျော်မင်းက မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင် ရွက်ရေးစသည့် ရည်မှန်းချက်တာဝန်များ၊ ဦးတည်ချက်များ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်သည့် မီးဘေးလုံခြုံရေးအတွက် နေအိမ်များတွင်မီးချိတ်၊ မီးကတ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဗူးများ ထားရှိရန်နှင့် မီးဘေးအန္တရာယ်အား ကြိုတင်ကာကွယ်နိုင်သည့် အချက်အလက်အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
ကျော်သူရ (ပြန်/ ဆက်)