၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ကသာမြို့နယ် U-25 အောက် အမျိုးသား/အမျိုးသမီး (3x3) ဘတ်စကက်ဘော အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ပြုလုပ်

ကသာ ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ကသာမြို့တွင် ၂၀၂၃ ခုနှစ်(၇၆)နှစ်မြောက် ပြည်ထောင်နေ့ အထိမ်းအမှတ်အကြို မြို့နယ်အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသည့် U-25 အောက် အမျိုးသား/အမျိုးသမီး (3x3) ဘတ်စကက်ဘော အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီခွဲအချိန်က ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ဧရာရွှေလီခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ U-25 အောက် အမျိုးသား/အမျိုးသမီး (3x3) ဘတ်စကက်ဘော အားကစားပြိုင်ပွဲတွင် ကသာမြို့နယ်နှင့် အင်းတော်မြို့နယ်များမှ ဘတ်စကက်ဘောအသင်း(၇)သင်း ဝင်ရောက်  ယှဉ်ပြိုင်ကြသည်။ ပတ်လည်ကစားပွဲပြိုင်ပွဲတွင် အမျိုးသား ဘတ်စကက်ဘော 9 k Spirts(katha) အားကစားအသင်းနှင့် V.S(katha) အားကစားအသင်း(၂) သင်းတို့က ဗိုလ်လုပွဲကို ဆက်လက်ယှဉ်ပြိုင်ရာ 9 k Spirts(katha) အားကစားအသင်းက အနိုင်ရရှိကာ ပထမဒိုင်းဆုဖလားကို လည်းကောင်း၊ အမျိုးသမီး ဘတ်စကက်ဘော Indaw (A)အားကစားအသင်းနှင့် S.N.P (Katha)အားကစားအသင်းတို့ကလည်း ဗိုလ်လုပွဲယှဉ်ပြိုင်ကြရာ Indaw (A)အားကစားအသင်းက ပထမဒိုင်းဆုဖလားကို ဆွတ်ခူးသွားခဲ့ကြကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ၊  မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးမွန်စံတို့က ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသော အားကစားအသင်းများအား ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(ကသာ)