ကျွန်းလှမြို့ ပြည်သူ့စာကြည့်တိုက်၌ သုတ၊ ရသ စာအုပ်/စာစောင်များ လာရောက်ငှားရမ်း ဖတ်ရှုလျက်ရှိ

ကျွန်းလှ ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများ၊ လူငယ်၊ လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ သုတ၊ ရသ စာအုပ် စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိကြောင်း သိရသည်။

အတိုပါ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းဖတ်သူများအား မဂ္ဂဇင်း၊ ရုပ်ပြ၊ ပုံပြင်၊ ရွှေသွေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေးစသည့် ပညာရပ်စုံ၊ ရသစုံ ခင်းကျင်းပြသထားပြီး အခမဲ့ငှားရမ်းပေးလျက်ရှိသည်။

ထို့အပြင် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေးဟောပြောပွဲများ၊ Talk Show အစီအစဉ်များ၊ ပြပွဲပြိုင်ပွဲများကျင်းပသည့်အပြင် ကလေးစာဖတ်ခန်း၌ ကလေးငယ်များ ပျော်ရွှင်စေရန် အရုပ်ဆက်၊ အရုပ်ခေါက်နှင့် ဂိမ်းပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပေးလျက်ရှိသည်။

မျိုးဝင်းညို ကျွန်းလှ