ကျောက်တော် ဖေဖော်ဝါရီ ၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က ရခိုင်ပိုက်သည် အခြေခံပညာမူလတန်း(လွန်)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးမောင်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက အနာဂတ်မျိုး ဆက်သစ် ကျောင်းသား၊ ကျောင်းသူများသည် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အချင်းချင်းရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်၊ စဉ်စားတွေးခေါ်မှု မြင့်မားလာစေရန်၊ လိမ္မာယဉ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းလေးများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက ဦးဆောင်ဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိတ်ဆက်ပေးသည်။ ထို့နောက် Grade(7)ကျောင်းသား မောင်ဟန်ဖြိုးက လူငယ်နှင့်အားကစား၊ Grade(7)ကျောင်းသူ မသန်းသန်းဝေက လူငယ်နှင့်စစာရိတ္တ၊ Grade(5)ကျောင်းသား မောင်ကောင်းမြတ်ကျော်က လူငယ်နှင့်မူးယစ်ဆေးဆေးဝါး၊ Grade(5) ကျောင်းသူ မနှင်းအေးစိန်က လူငယ်နှင့် စည်းကမ်းစသော ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြသည်။ယင်းနောက် တက်ရောက်လာကြ သည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဦးဆောင် ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြ သည်။အဆိုပါ လူငယ်စကားဝိုင်းသို့ ကျောင်းအုပ်ဆရာ ကြီး၊ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူ(၁၀၀) ဦးခန့် တက်ရောက်ခဲ့သည်။ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိ ပညာပေး ဓါတ်ပုံပြပွဲနှင့်နံရံကပ် စာစောင်ပြပွဲများအား ခင်းကျင်းပြသထားရာ ကျောင်းသား/ကျောင်းသူလေးများက စိတ်ပါ ဝင်စားစွာ လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း ကျောက်တော်(ပြန်/ဆက်)