နတ်တလင်း ဖေဖော်ဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉နာရီအချိန်က ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးမှ နွေစပါးလျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ အဆင့်မြှင့်လယ်ယာမြေဖော်ဆောင်နိုင်ရေး၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်နိုင်မှုများ၊ ဆည်ရေပေးဝေနိုင်မှုအခြေအနေများ၊ ဆည်ရေစနစ်တကျသုံးစွဲနိုင်ရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေးကိစ္စရပ်များ၊ လုံခြုံရေးကိစ္စရပ်များကို ဂရုပြုဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပြောကြားသည်။
ထို့နောက်ဌာနဆိုင်ရာ အကြီးအကဲများက ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို အသီးသီးဆွေးနွေးတင်ပြခဲ့ပြီး၊ ရပ်ကွက်/ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဝေယံဖြိုး(ပြန်/ ဆက်)