တပ်ကုန်း ဖေဖော်ဝါရီ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်မူကြိုအဆင့် ကဗျာရွတ်ဆိုနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
ပြိုင်ပွဲတွင် တပ်ကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များပြောကြားပြီးနောက် ပျော်ရွှင်စရာကလေးများဥယျာဉ်(Happy Kids Garden)မူကြိုကျောင်းမှ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ကျောင်းသားကလေးငယ်(၃၀)ဦး၊ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ကျောင်းသားကလေးငယ်(၁၈)ဦး၊ အုပ်စုအလိုက်ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ကျောင်းသားကလေးငယ် (၄၈)ဦးပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲများတွင် ဒိုင်အဖြစ် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(BookClub)အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည်(မောင်ကြည်မူ-ပျဉ်းမနား)နှင့် အဖွဲ့ဝင်ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင်-တပ်ကုန်း)တို့က ဆောင်ရွက်ကြပြီး၊ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသားကလေးငယ်များနှင့် ပြိုင်ပွဲဝင်ကျောင်းသား ကလေးငယ်များအား တပ်ကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်နှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က ဆုတံဆိပ်နှင့် ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်