သတင်းများ

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်‌ကျွေး
Jul 26,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရ ဆေးပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိသည်။
ဟိုပန်မြို့နယ်၌ မိုးစပါးလယ် အရည်အသွေးကောင်း စပါးမျိုးသုံးမျိုးအား မျိုးသန့်ပညာပေး စံပြကွက်၌ လက်တွေ့စိုက်ပျိုးပြသ
Jul 26,2022
ရှမ်းပြည်နယ်(​မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအနေဖြင့် အထွက်ကောင်းစပါးမျိုးများ၏ အရည်အသွေးကိုသိရှိ၍ ၎င်းစပါးမျိုးများဖြင့် မျိုးပြောင်းလဲစိုက်ပျိုးလာတတ်စေရန်နှင့် စပါးအထွက်နှုန်း တိုးလာခြင်းဖြင့် ဝင်ငွေပိုမိုရရှိလာစေရန်တို့ကို ရည်ရွယ်၍ ယနေ့နံနက်(၈)နာရီ က မိုးစပါးလယ် အရည်အသွေးကောင်းစပါးမျိုးသုံးမျိုးအား မျိုးသန့်ပညာပေးစံပြကွက်၌ လက်တွေ့ကွင်းဆင်း စိုက်ပျိုးပြသခဲ့သည်။
ကျောက်တံတားမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန်နှင့် မြို့တော်သန့်ရှင်း သာယာလှပစေရေးအတွက် အထူသန့်ရှင်းရေးဆောင်ရွက်
Jul 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ မိုးရာသီကာလတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကင်းဝေးစေရေးနှင့် မြို့တော်သန့်ရှင်းသာယာလှပစေရေးအတွက် အထူးသန့်ရှင်းရေးကို ယမန်နေ့ နံနက် ၇ နာရီက အမှတ်(၄)ရပ်ကွက်၊ ပန်းဆိုးတန်းလမ်း(အလယ်ဘလောက်)လမ်းမကြီးတစ်လျောက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကမမောင်းမြို့၌ တစ်နိုင်တစ်ပိုင် အိမ်ခြံဝင်း (Home Garden) ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Jul 26,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အမှတ်(၃)ရပ်ကွက်နေ အကျိုးဆောင်တောင်သူ ဦးကျော်စွာထွန်း၏ တစ်နိုင်တစ်ပိုင် အိမ်ခြံဝင်း(Home Garden) ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ကျန်းမာရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်
Jul 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲ အချိန်က စာပေချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း (Women Club)နှင့် လူငယ်အသင်း (Youth Club)တို့ ပူးပေါင်း၍ ကျန်းမာရေး အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြံခင်းမြို့နယ်အတွင်း ဆီထွက်သီးနှံမိုးနေကြာ မျိုးစေ့ထုတ်စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေး
Jul 26,2022
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ကြံခင်းမြို့နယ် ဇီးပင်ကွင်းအုပ်စု အုပ္ပုံစုပေါင်းစစ်ဆေးရေးဂိတ်သို့ ရောက်ရှိလာရာ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများက ကြိုဆိုကြသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံ
Jul 26,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းပြုလုပ်
Jul 26,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏ Book Club စာဖတ်ဝိုင်းကို ယမန်နေ့နေ့လည် ၁  နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။