သတင်းများ

ရွှေကျင်မြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Feb 06,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပျဉ်းမပင်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း (‌တပ်နယ်)တွင် ပြုလုပ်ကျင်းပခဲ့သည်။
မိုးညှင်းမြို့နယ် အင်းလေးကျေးရွာ၌ ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Feb 06,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အင်းလေးကျေးရွာအဝင်၌ ကျေးရွာဘက်စုံသုံး ခန်းမတည်ဆောက်ခြင်း လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံး၊ ကဗျာရွတ်၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Feb 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံး၊ ကဗျာရွတ်၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)တွင် ကျင်းပကြောင်း သိရသည်။
ထီးချိုင့်မြို့နယ် Community Centre ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Feb 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ မွန်းလွဲ(၁)နာရီ အချိန်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ
Feb 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆောင်ရွက်ခြင်းအား ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) အောင်သုခ‌၌ ကျင်းပသည်။
မြောက်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပညာရှင်စိတ်ထား စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Feb 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော  အသိအမြင် ဗဟုသုတများကို အသုံးချတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်(၁၀)နာရီခွဲက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 06,2023
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အခြေခံပညာကျောင်းများမှ​ ကျောင်းသား/ ကျောင်းသူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီမြို့တွင် (၈) ရက်အတွင်း ဘိန်းစိုက်ခင်းဧက (၈၀.၅) ဖျက်ဆီး
Feb 06,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ဇင်၊ ဝိုင်းမော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်တို့ ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာများပူးပေါင်း အဖွဲ့သည် ဇန်နဝါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၄ ရက်နေ့အထိ ဘိန်းစိုက်ခင်းဖျက် စီမံချက်ဖြင့် ကန်ပိုက်တီမြို့အနီး ကျေးရွာများတွင် ကွင်းဆင်း ဆောင်ရွက်ရာ ဘိန်းခင်းစိုက်ဧက (၈၀.၅) ဧက ဖျက်ဆီးနိုင်ခဲ့ကြောင်း ဝိုင်းမော်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။