သတင်းများ

ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်မျို ကာကွယ်ရေးနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံရန် အသိပေးနှိုးဆော်
Jul 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်မျိုးစိတ် သစ်"ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံနိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို ဒေသနေပြည်သူများ သိရှိစေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာများအတွင်း ကူးစက်ရောဂါများမှကာကွယ်နိုင်ရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Jul 26,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ကူးစက်ရောဂါများမှကာကွယ်နိုင်ရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကျန်းမာရေးဌာနနှင့်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီက ရပ်ကွက်/ ကျေးရွာများအတွင်းအဖွဲ့များခွဲ၍ ဆောင်ရွက်ခဲ့သည်။
ကျောက်တံတားမြို့နယ်အတွင်းပြည်သူများ ကို‌ဗစ်-၁၉ ရောဂါကာကွယ်စေရေးအတွက် Mask Campaign ဆောင်ရွက်
Jul 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ပြည်သူများကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထား‌သော ကိုဗစ်(၁၉)ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လိုက်နာစေရေးအတွက်
သရက်မြို့၌ လူငယ် နှင့် စာပေ ခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက်
Jul 26,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှှင့် Book Club အဖွဲ့တို့ ပူးပေါင်း ကျင်းပသည့် လူငယ်နဲ့စာပေ ခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၉)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်ပခဲ့သည်။
ပုပ္ပားဒေသထွက် နဂါးမာက်သီးများ လှိုင်လှိုင်ပေါ်ချိန် တစ်ကီလို ၁၀၀၀ကျပ်သာ ရောင်းချ
Jul 26,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားဒေသထွက် နဂါးမောက်သီးများ လှိုင်လှိုင်ပေါ်ချိန် တစ်ကီလို ၁၀၀၀ကျပ်သာ ရောင်းချနေရကြောင်း ဆင်ဆင်းကျေးရွာ နဂါးမောက်ခြံစိုက်တောင်သူ ဒေါ်စန်းစန်းမြင့်ထံက သိရသည်။
အလုံမြို့နယ်၌ သွေးလွန်တုပ်​ကွေးကြိုတင်ကာကွယ်​ရေးအတွက် ခြင်​ဆေးမှုတ်ခြင်းနှင့် အဘိတ်​ဆေးခတ်ခြင်းလုပ်ငန်းများ​ဆောင်ရွက်
Jul 26,2022
ပြည်သူများ ခြင်မှတဆင့်ကူးစက်တတ်​သော သွေးလွန်တုပ်ကွေး​ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ယ​မန်နေ့ည​နေ ၃ နာရီက ခြင်​ဆေးမှုတ်ခြင်းနှင့် အဘိတ်​ဆေးခတ်ခြင်း လုပ်ငန်းများ​ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းခုတ်မြို့၊ အ.ထ.က ၌ ကျောင်းသူအသင်း မိုးရာသီဘောလုံးပြိုင်ပွဲ ကျင်းပ
Jul 26,2022
ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်၊ နောင်တစ်ချိန်တွင် နိုင်ငံတော်က အားကိုးအားထားပြုရမည့် အားကစားသမားကောင်းများ ထွက်ပေါ်လာစေရန်နှင့် အဖွဲ့အစည်းအတွင်
မိုးနဲမြို့နယ်ပဒုမ္မာလမ်း တိုးချဲ့ကတ္တရာလမ်းခင်းခြင်းနှင့် ရေနုတ်မြောင်းတူးဖေါ်ခြင်း လုပ်ငန်းပြီးစီမှုအား ကြည့်ရှုစစ်ဆေး
Jul 26,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် နောင်ကျော့ရပ်ကွက်ရှိ ပဒုမ္မာလမ်းအား လမ်းသားချဲ့ထွင်ခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းဘေး(ဝဲ/ယာ) ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းကို မိုးနဲမြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ရာ လုပ်ငန်းများပြီးစီးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။