သတင်းများ

လက်ထောက်မူလတန်းပြ ဆရာ၊ဆရာမများခန့်ထားနိုင်ရေး လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းဖွင့်
Feb 06,2023
လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမများ ခန့်ထားနိုင်ရေးအတွက် လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမဆောင်၌ ကျင်းပခဲ့သည်။
မြောက်ဦးမြို့၌ ဌာနဆိုင်ရာများပူးပေါင်း၍ ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ ကျင့်ခန်းများပြုလုပ်
Feb 06,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကရုဏာလှိုင်းသွေးလှူရှင်များအသင်းတို့ပူးပေါင်း၍ ငလျင်ဘေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းများပြုလုပ်ခြင်းကို ပြင်ဈေးရပ်ကွက် အ.ထ.က.(ခွဲ) အ.လ.က (၁) ကျောင်း၌ ယနေ့နံနက် ၁၁ နာရီအချိန်က ဇာတ်တိုက်လေ့ကျင့်ခန်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေသတွင်း စားရေရိက္ခာဖူလုံပိုလျှံမှုရှိစေရေး တွန်းအားပေးဆောင်ရွက်
Feb 06,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးမွေး မြူဇုန်မှမွေးမြူရေးတောင်သူများနှင့် တွေ့ဆုံ၍ ဇုန်အတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဝန်ထမ်းများနေထိုင်မှုဘဝအဆင်ပြေစေရေး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်
Feb 06,2023
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏နေထိုင်မှုဘဝအဆင်ပြေစေရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ထိ ဝန်ထမ်းအိမ်ရာ ၁၈၂ လုံး အိမ်ခန်းပေါင်း ၆၇၄ ခန်း၊ အငှါးအိမ်ရာ ၇၆ လုံးအိမ်ခန်းပေါင်း ၁၄၂ ခန်း၊ အရောင်းအိမ်ရာ ၃ လုံး အိမ်ခန်းပေါင်း ၄၈ ခန်းကို ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက် ၁၁ နာရီခန့်က ကျင်းပသည့် လှိုင်းဘွဲဝန်ထမ်း အိမ်ရာဖွင့်ပွဲမှ သိရသည်။
နမ္မတူမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသဆောင်ရွက်
Feb 06,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ သစ္စာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်၌ မီးဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်မှုသရုပ်ပြပွဲ ကျင်းပ
Feb 06,2023
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်ရှိ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (သင်္ဘောကျင်း)တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မီးဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်မှုသရုပ်ပြပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများက လာရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဗဟန်းမြို့နယ် အမှတ်(၂၅)အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Feb 06,2023
ကျောင်းသားလူငယ်များ စာပေနှင့်ရင်းနှီးကျွမ်းဝင်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊  စာပေမှရရှိသည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် အမှတ်(၂၅) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၇၆)ကြိမ်မြောက် မြို့နယ်အဆင့် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပ
Feb 06,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာတွင် (၇၆)ကြိမ်မြောက် မြို့နယ်အဆင့်မွန်အမျိုးသားနေ့အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခန့်က ထုံးအိုင်အထက်တန်းကျောင်းဘောလုံးကွင်း၌ ကျင်းပခဲ့သည်။