ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီမြို့တွင် (၈) ရက်အတွင်း ဘိန်းစိုက်ခင်းဧက (၈၀.၅) ဖျက်ဆီး

ဝိုင်းမော် ဖေဖော်ဝါရီ ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ဇင်၊ ဝိုင်းမော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်တို့ ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများပူးပေါင်း အဖွဲ့သည် ဇန်နဝါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၄ ရက်နေ့အထိ ဘိန်းစိုက်ခင်းဖျက် စီမံချက်ဖြင့် ကန်ပိုက်တီမြို့အနီး ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ရာ ဘိန်းခင်းစိုက်ဧက (၈၀.၅) ဧက ဖျက်ဆီးနိုင်ခဲ့ကြောင်း ဝိုင်းမော်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ ဘိန်းစိုက်ခင်းဖျက်ဆီးရေးလုပ်ငန်းတွင် ခမရ (၃၈၉) ဗိုလ်မှူး ထက်ဝင်းအောင်နှင့် တပ်မတော်လုံခြုံရေးအဖွဲ့မှ အရာရှိစစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နယ်ခြားစောင့်တက်မှ အရာရှိစစ်သည်များ ပူးပေါင်း၍ ဇန်နဝါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၄ ရက်နေ့အထိ လငန်ကျေးရွာ၊ ဝေါ့ချုံးကျေးရွာ၊ ဘာတွန်(အထက်/အောက်)၊ ဝေမိုးကျေးရွာ၊ စင်ကြိုင်ကျေးရွာ၊ လုထောင်ကျေးရွာ၊ ဘွမ်လိန်းကျေးရွာနှင့်  ဘန်ဒူ(ရှမ်း) ကျေးရွာ (၉) ရွာ အနီးတစ်ဝိုက်ရှိ တောင်ကုန်းများပေါ်တွင် စိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်း (၂၄) နေရာများ ဖျက်ဆီးခြင်းလုပ်ငန်းကို အစုအဖွဲ့များခွဲ၍ ဆောင်ရွက်ခဲ့ရာ ဘိန်းစိုက်ခင်း စုစုပေါင်း (၈၀.၅) ဧကအား ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဘိန်းစိုက်ခင်းများ ဖျက်ဆီးရာတွင် အမြင့် (၁)ပေခန့်မှ အမြင့် (၅) ပေအထိရှိသည့် ဖူးပွင့်ဆဲ၊ အဖူးအပွင့်၊ ခြစ်ဆဲဘိန်းပင် များပါဝင်ပြီး မြက်ဖြတ်စက်များဖြင့် ဖြတ်တောက်ဖျက်ဆီးခြင်း၊ ဝါးရင်းတုတ်ဖြင့် ရိုက်လှဲဖျက်ဆီးခြင်း၊ ဆေးဖျန်းပုံးဖြင့် ဆေးဖျန်းဖျက်ဆီးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင့် ဝိုင်းမော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖြူစင်(ပြန်/ဆက်)