မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော လူငယ်စကားဝိုင်း ဆောင်ရွက်ခြင်းအား ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) အောင်သုခ၌ ကျင်းပသည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက လူငယ်စကားဝိုင်း ဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်နှင့် လူငယ် နှင့် စာဖတ်ခြင်းအကြောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်က လူငယ်နှင့် အားကစားစိတ်ဓါတ်အကြောင်း၊ မြို့နယ် စားသုံးသူ ရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းဇော်လတ်က လူငယ်နှင့် အစားအသောက်အန္တရာယ်အကြောင်း သိကောင်း စရာများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး Grade-9 မှ မဇူးဇူးဇင်က လူငယ်နှင့် ကျန်းမာရေး အကြောင်း၊ Grade-9 မှ မချယ်ရီအောင်က လူငယ်နှင့် အားကစားအကြောင်း၊ Grade-8 မှ ထွန်းထွန်းလင်းက လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် စသည့်ခေါင်းစဉ် များဖြင့် ပါဝင်ဆွေးနွေးကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးက ယနေ့လူငယ်စကားဝိုင်းမှ အတွေ့အကြုံကောင်း များရရှိ၍ နောင်တစ်ချိန်တွင် တန်ဖိုးရှိသော လူငယ်ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)