သတင်းများ

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာဖတ်ရှိန်မြှင့်တင်ရေး Kahoot Quiz Game ပြိုင်ပွဲကျင်းပ
Feb 06,2023
ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့မှကြီးမှူး၍ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပြည်ထောင်စုနေ့အကြောင်းအရာများကို ဗဟုသုတရရှိစေရန်ရည်ရွယ်၍ Kahoot Quiz Game ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထားဝယ်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသမီးဂိုးလတ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Feb 06,2023
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထားဝယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဂိုးလတ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ့ပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။
သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ ကျောင်းကြက်ခြေနီ အသင်းခွဲငယ် တာဝန်ခံအဖွဲ့နှင့် တွေ့ဆုံဆွေးနွေး
Feb 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် အမှုဆောင် အဖွဲ့ဝင်များ ကျောင်းကြက်ခြေနီအသင်းခွဲငယ် တာဝန်ခံအဖွဲ့နှင့် ဖေဖော်ဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)၊ ကျောင်းအုပ်ကြီး ရုံးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ကျိုင်းတုံမြို့နယ် စာရေးဆရာများ၊ သတင်းစာဆရာများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်
Feb 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် စာရေးဆရာများနှင့် သတင်းစာဆရာများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထူအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
ဇမ္ဗူသီရိမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Feb 06,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနား ကို ယနေ့နံနက် (၁၀) နာရီကဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ပညာဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။
ငပုတောမြို့နယ်၌ စာရှိန်မြှင့်တင်ရေး၊ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Feb 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ ရေးဦးစီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ တိုင်းရင်းဆေးကုသရေးဦးစီးဌာန၊ ပညာရေးဌာနတို့ ပူး‌ပေါင်း၍ အခြေခံပညာဦးစီးဌာနရှိ ကျောင်းများတွင်၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍  ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာ မူလတန်းကျောင်း တံခွန်တိုင်ကျေးရွာ၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ထိုင်းနိုင်ငံမှ ရခိုင်ပြည်နယ်သို့ ပြန်လည်ရောက်ရှိလာသည့် နေရပ်ပြန် ပြည်သူများအား ကြိုဆို
Feb 06,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏လမ်းညွှန်မှာကြားချက်အရ ထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုး ကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန်အခက်အခဲကြုံတွေ့ခဲ့ရသော နေရပ်ပြန်မြန်မာ နိုင်ငံသား (၆၇၉)ဦး တို့အနက် ရခိုင်ပြည်နယ်မှ နေရပ်ပြန် မြန်မာနိုင်ငံသား (၁၁၁)ဦးတို့အား တပ်မတော်(ရေ)မှ စစ်ရေယာဉ် (အနော်ရထာ)ဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်မှ နေရပ်ပြန်မြန်မာနိုင်ငံသား ၈၀ ဦးတို့ သည် စစ်တွေမြို့၊ ရွှေမင်းဂံဆိပ်ကမ်းသို့ ရောက်ရှိလာရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက နွေးထွေးလှိုက်လှဲစွာလာရောက်ကြိုဆိုကြသည်။
(၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) လှေလှော်ပြိုင်ပွဲအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်
Feb 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် (၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို ) လှေလှော်ပြိုင်ပွဲအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show)ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။