တနင်္သာရီမြို့၌ ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အောင်မြင်စွာ ကျင်းပနိုင်ရေး ကော်မတီအဖွဲ့နှင့် အကြိုညှိနှိုင်းဆွေးနွေး
Jul 26,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြုံတွေ့ပါက လူ/ တိရစ္ဆာန်နှင့်ပစ္စည်းများ ထိခိုက်မှုအနည်းဆုံးဖြစ်စေဖို့အတွက် လေ့ကျင့်တတ်စေဖို့၊ ထိခိုက် လွယ်အုပ်စုများကို ဇာတ်တိုက်လေ့ကျင့်ခြင်း၌ ထည့်သွင်းစဉ်းစားလာစေဖို့နှင့် သဘာဝဘေး တုန့်ပြန်ရေးစီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ စသည့်ရည်ရွယ်ချက်များဖြင့် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းကို အန္တရာယ်ကင်း၍ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီဝင်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန် မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။