ထီးချိုင့်မြို့နယ် Community Centre ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ထီးချိုင့် ဖေဖော်ဝါရီ  ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ မွန်းလွဲ(၁)နာရီအချိန်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ် စာစောင်ပြပွဲကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ၊ ပြည်ထောင်စုနေ့သည် မမေ့မလျော့အပ်သော နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ကြောင်း အစရှိသည်တို့ကို ကျောင်းသား၊ ကျောင်းသူလေးများ အနေဖြင့် မှတ်မှတ်ထင်ထင်ရှိစေရန် ဟောပြောခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ဝင်စားစွာ နားထောင်ခဲ့ ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ် ပင်လုံစာချုပ်နှင့် ပတ်သက်သည့် အကြောင်းအရာ များစွာပါသော စာအုပ်စာစောင်များကို ပြသရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရဲလင်းထွန်း (ထီးချိုင့်)