ရွှေကျင် ဖေဖော်ဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပျဉ်းမပင်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း (တပ်နယ်)တွင် ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းနွယ်က အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးဒေါ်သီသီဆိုင်က ကျောင်းသား၊ ကျောင်းသူလေးများအား အား/ကာသိပ္ပံ တက်ရောက်နိုင်ရေးအကြောင်းအရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သဲစုအောင်က လူငယ်နှင့်အားကစားခေါင်းင်းစဉ်ဖြင့် အကျယ်တဝင့်ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည့်မေးမြန်းချက်များကို မေးမြန်းကြရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးဒေါ်သီသီဆိုင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သဲစုအောင်တို့က ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)