သတင်းများ

ခန္တီးမြို့ ကျက်သရေဆောင် မြသိန်းတန်စေတီတော်မြတ်ကြီး၏ (၁၁၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပနိုင်ရေးအတွက် ပထမအကြိမ် အစည်းအဝေးပြုလုပ်
Feb 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးမြို့ကျက်သရေဆောင် မြသိန်းတန်စေတီတော်မြတ်ကြီး၏ (၁၁၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပနိုင်ရေးအတွက် ပထမအကြိမ် အစည်းအဝေးကို ယမန်နေ့က မြသိန်းတန်စေတီတော်၊ အာဟာရသိဒ္ဓိဆွမ်းစားဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် လူငယ်များ ဗလငါးတန်ပြည့်စုံစေရန် လူငယ်စကားဝိုင်း၊ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ လူငယ်ဆိုင်ရာအသိပညာပေး နံရံကပ် စာစောင်များပြသကျင်းပ
Feb 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိုနယ်လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို လူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြတ်စေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ လူငယ်များနာထောင်ပြီး အသိပညာ ဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးဖလှယ်တတ်စေရန် ရည်ရွယ်ပြီး ယနေ့ နံနက် ၁၁ နာရီတွင် အလက(ခွဲ) ကမန်းတောင်ကျောင်းတွင် ကျင်းပသည်။
မယ်စဲ့မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Feb 06,2023
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ခရိုင်အဆင့်အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေနံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်
Feb 06,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ဒေသနေပြည်သူများ လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့်ဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မန်တုံမြို့နယ် မူလတန်းကြိုကျောင်း၌ ကလေးများနေ့အထိမ်းအမှတ်ကျင်းပနိုင်ရေး ကျောင်းသားမိဘများနှင့် အစည်းအဝေးပွဲပြုလုပ်
Feb 06,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းခန်းမ၌ ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က ကလေးများနေ့အထိမ်းအမှတ် ကျင်းပနိုင်ရန်တွက် ကျောင်းသားမိဘများနှင့် အစည်းအဝေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပ
Feb 06,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုအ‌နေဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁နာရီချိန်က အ​ခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်တွင် အသိညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ
Feb 06,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများ အသိပညာပေးဗဟုသုတရရှိစေရန်အတွက်ရည်ရွယ်၍ (၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲများ၊ လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၁ နာရီအချိန်က စည်သာယာ အ.မ.က (မူလွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်ရှိ စေတီပုံထင်းမီးပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Feb 06,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော စေတီပုံထင်းမီးပူဇော်ပွဲကို ဇယန်းကြီးကျေးရွာအုပ်စု နမ့်ခေးကျေးရွာတွင် တပို့တွဲလပြည့်ညမတိုင်မီ ဖေဖော်ဝါရီလ ၄ ရက်နေ့ည ၉ နာရီအချိန်တွင် စည်ကားစွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။