ရွှေပြည်သာ ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံး၊ ကဗျာရွတ်၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)တွင် ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုးက ပြိုင်ပွဲများကျင်းပပေးခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲများအား အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူများနှင့် အမှတ်(၂၃)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူများစုစုပေါင်း(၁၉)ဦးဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုရရှိသူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးခင်မောင်မြင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုးနှင့် အမှတ်(၂၃)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မိုးဝါတို့က ဆုများအသီးသီး ပေးအပ်ချီးမြင့်ခဲ့ကြကြောင်း သိရသည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မိဘများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်များအား စိတ်ဝင်စားစွာ လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ )