သတင်းများ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၆/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Jul 26,2022
တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၆/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကာလိမြို့အမှတ်(၁၅၁)ခြေလျင်တပ်ရင်း၌ ဒုတိအကြိမ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 26,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့အမှတ်(၁၅၁) ခြေလျင်တပ်ရင်းမှ ဗိုလ်မှူးသက်နိုင်အောင်က ဦးဆောင်၍ ဒုတိယအကြိမ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးမိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး
Jul 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်စာစောင်များကို ဖတ်ရှုသည့်အလေ့အကျင့်ရှိစေရန်နှင့် စာပေ၏အကျိုးကျေးဇူးအကြောင်း သိရှိစေရန်ရည်ရွယ်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များကိုအခမဲ့ ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်တွင် အခြေခံပညာမူလတန်းကျောင်းတွင် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မုက္ကဒိခေတ်မီစံပြကျေးရွာတွင် လယ်ယားသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်
Jul 26,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာအုပ်စု၊ မုက္ကဒိခေတ်မီစံပြကျေးရွာတွင် လယ်ယားသုံးစက် ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခန့်က အဆိုပါခေတ်မီ စံပြကျေးရွာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး (ဒုတိယ) အကြိမ်(၃၀၀)ဦး ဆက်လက်ထိုးနှံ
Jul 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံပေးခြင်းကို‌ ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများကဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ အမှတ်(၅)အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် အမှတ်(၁၃)အခြေခံပညာ မူလတန်းကျောင်းတို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွန်ချက်များနှင့်အညီ ယမန်နေ့ နံနက်(၈)နာရီတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သာပေါင်းမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေဘေးကာကွယ်ရေး သရုပ်ပြပွဲ ကျင်းပ
Jul 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးရာသီ ရေကြီးနစ်မြုပ်မှု လျော့နည်းသက်သာစေရေးနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရေဘေး ကာကွယ်ရေး၊ တာများမကျိုးပေါက်နိုင်ရန် ကျေးရွာ၊ ရပ်ကွက်နေ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ငဝန်တာ၊ တာမိုင်(၆၄/၃)၊ ရေကင်းစခန်း အမှတ်(၁)၊ ရွှေရောင်ချကျေးရွာအုပ်စု၊ ဘုမ္မဲဇာကျေးရွာအနီးတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရေဘေးကာကွယ်ရေး သရုပ်ပြပွဲ ကျင်းပပြုလုပ်ကြသည်။
သဲကုန်းမြို့နယ်တွင် ရေတိုက်စားမှုကြောင့် ရထားလမ်းရေကျော်ပျက်စီးနေရာ၌ ရထားနှစ်စင်းဖြင့် ပို့ဆောင်
Jul 25,2022
ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်တွင် ဇူလိုင်လ ၂၃ ရက်နှင့် ၂၄ ရက်နေ့များတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇီးကုန်းအုပ်စုရှိ ရထားလမ်း မိုင်တိုင်အမှတ် ၁၄၃/၁၃-၈ အကြား ရှိတံတားအမှတ်၄၃၃ ရေတိုက်စားပြီး ရန်ကုန်-ပြည် ရထားခရီးစဉ်အချို့ ရပ်နားထားခဲ့ပြီး၊ အမှတ်(၆၃)အဆန် ရန်ကုန်-ပြည် စာပို့ရထား တစ်စီးသာ ပြေးဆွဲခဲ့ပြီး သဲကုန်းဘူတာ အထိသာ ပြေးဆွဲနိုင်ခဲ့သည်။
သာကေတမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံ
Jul 25,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက် အသက် (၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် Phase 12 (Sinopharm)  ထိုးနှံခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ကျောင်းသူ(၅၇၉၅)ဦးအား ထိုးနှံပြီးကြောင်း သိရသည်။