ရွှေဘိုတက္ကသိုလ်တွင် (၇၆)နှစ်​မြောက် ပြည်​ထောင်စု​နနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့်​ ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

​ရွှေဘို ​ဖေ​ဖော်ဝါရီ 

စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုတက္ကသိုလ် ရတနာသိင်္ဃခန်းမတွင် (၇၆)နှစ်​မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့်​ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယ​နေ့နံနက် ၁၀နာရီအချိန်က ကျင်းပခဲ့​ကြောင်း သိရသည်။

အခမ်းအနားတွင် ​ရွှေဘိုတက္ကသိုလ် ပါ​မေက္ခချုပ်ဆရာမကြီး​ ဒေါက်တာမျိုးမျိုးက​အဖွင့်အမှာစကား​ ပြောကြားရာ၊ ကျောင်းသား​မောင်မယ် လူငယ်များ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်​စေရန်၊ တိုင်းရင်းသားပြည်သူများအားလုံး တစ်​သွေးတည်း တစ်သားတည်း ရှိကြောင်း ပြသသည့်​နေ့၊ စည်းလုံးခြင်း၏ အနှစ်သာရကို သိရှိပြီး မြတ်နိုးထိန်းသိမ်းတတ်​စေရန် ရည်ရွယ်ကျင်းပ​ပေးရခြင်းဖြစ်​ကြောင်းနှင့် ​စိတ်ပါဝင်စားစွာ ပါဝင်ယှဥ်ပြိုင်ကြသူများ အားလုံးကို​ကျေးဇူးတင်ဂုဏ်ပြုပါ​ကြောင်း ပြောကြားခဲ့ပြီး၊ ပါ​မောက္ခချုပ်ဆရာမကြီး​ဒေါက်တာမျိုးမျိုး၊ ဒုတိယပါ​မေက္ခချုပ်​ ဒေါက်တာတင်တင်ရီ၊ မြန်မာစာဌာန ပါ​မောက္ခဌာနမှူး​ဒေါက်တာချိုချိုသန်းတို့က စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့်​ဆောင်းပါးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဆုများ​ ပေးအပ်ချီးမြှင့်​ပေးခဲ့​ကြောင်း သိရသည်။

 (၇၆)နှစ်​မြောက် ပြည်​ထောင်စုနေ့အထိမ်းအမှတ် ​ဆောင်းပါး   "တိုင်းရင်းသားများညီညာ​ပေါင်းစု"၊ ပန်းချီ "​သွေးစည်းချစ်ကြည်လက်တွဲညီပြည်​ထောင်စုကြီးခိုင်မြဲတည်"၊ စာစီစာကုံး "မ​မေ့သင့်​ပေပြည်​ထောင်စုအ​မွေ"၊ ကဗျာ "ပြည်​ထောင်စု​နေ့၏ပဲ့တင်သံ" စသည့် ခေါင်းစဥ်များဖြင့်​​​ကျောင်းသား/သူများက ပါဝင်ယှဥ်ပြိုင်ခဲ့​ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်