ကြံခင်းမြို့တွင် (ရန်ကုန်အားကစားသိပ္ပံ)သင်တန်းသားများရွေးချယ်

ကြံခင်း ဖေဖော်ဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် နိုင်ငံတော်အတွက် အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်ရန်၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက (ရန်ကုန်အားကစားသိပ္ပံ) သင်တန်းသားများ ရွေးချယ်ခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်နွေး၊ (နည်းစနစ်မှူး)ဒေါ်ခင်မိုးဝါနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများဖြစ်သော (အ.ထ.က-၁)၊  (အ.ထ.က-၂)၊  (အ.ထ.က)ချင်းမြောင်၊ (အ.ထ.က)ဘက်ရဲ၊  (အ.ထ.က)ဆိပ်သာကျောင်းများရှိ (Grade-7) ကျောင်းသား/သူများအား (ရန်ကုန်အားကစားသိပ္ပံ) တက်ရောက်နိုင်ရန်  ကြံခိုင်စွမ်းရည် (၅)မျိုး စစ်ဆေးခြင်း၊  သတ်မှတ်စံနှုန်းများနှင့်အညီ ရွေးချယ်ဆောင်ရွက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)