ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၇
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဆင်ပေါင်ဝဲမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးနိုင်လင်းက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ပြုလုပ်ရခြင်း၏ ရည် ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြသထားသော ပြည်ထောင်စုစိတ်ဓာတ်နှင့် ဖြစ်ပေါ်လာပုံအကြောင်း အထိမ်းအမှတ် နံရံကပ်စာစောင်တွင် ၂၀၂၃-ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ဦးတည်ချက်များ၊ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြသူများ၊ ကဗျာများ၊ ပန်းချီ၊ ကာတွန်း၊ ဆောင်းပါးများနှင့် သုတ၊ ရသစာအုပ်များ၊ နံရံကပ်စာစောင်များကို ကျောင်း သား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်/စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲသို့ လာရောက်ကြည့်ရှု့ကြသော အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/သူလေးများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ လက်ကမ်းစာစောင်များကို လက်ဝယ်အရောက် ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)